နေ့ချင်းပြီးသင်တန်းများ
နေ့ချင်းပြီးသင်တန်းများအတွက်ကျောင်းသား/ကျောင်းသူများအနေဖြင့်လက်တွေ့လုပ်ဆောင်အောင်၊ပျော်ရွှင်စွာသင်ယူနိုင်အောင်နှင့်အကျိုးရှိသောလေ့လာသင်ယူမှုများရရှိအောင်ရည်ရွယ်ရေးဆွဲထားပါသည်။အဆိုပါသင်တန်းများကိုဝင်ရောက်ချိန်မှစ၍ကျောင်းသား/ကျောင်းသူများသည်သက်ဆိုင်ရာသင်ရိုးညွန်းတင်မှဇာတ်ကောင်တစ်ဦးအဖြစ်နှင့်၎င်းတို့၏စိတ်လှုပ်ရှားမှုများနှင့်ပြည့်နက်နေမည့်သင်ကြားရေးခရီးစဉ်ကိုစတင်ရမည်ဖြစ်ပါသည်။ကျောင်းသား/ကျောင်းသူများအနေနှင့်စဉ်းစားရမည့်တစ်ခုတည်းသောမေးခွန်းမှာမည်သည့်ခရီးစဉ်ကိုပါဝင်လုက်ဆောင်မှာလဲဖြစ်ပါသည်။
ရှေးဟောင်းသုတေသနပညာရှင်များ
55,000mmk - မကြာခင်လာတော့မယ်
အတိတ်ကမ္ဘာမှလှို့ဝှက်ချက်များအားရှာဖွေလေ့လာရန်အတွက်တူးဖော်ရေးလုပ်ကွက်တစ်ခုကိုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ရှာဖွေဆောင်ရွက်ခြင်း
ရန်ကုန်မြို့တွင်းတစ်နေရာတွင်ရှိသောတူးဖော်ရေးလုပ်ကွက်အတွင်းသို့ဝင်ရောက်၍အတိတ်မှလူသားမျိုးနွယ်အစနှင့်သက်ဆိုင်သောလှို့ဝှက်ချက်များကိုလေ့လာထုတ်ဖော်နိုင်မည့်ခရီးတစ်ခုဖြစ်ပါသည်။
အဆိုပါသင်ခန်းစာတွင်လူ့အဖွဲ့အစည်းနှင့်ပတ်ဝန်းကျင်အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပုံ၊လူသားများအမဲလိုက်၊ရှာဖွေသူအဆင့်မှလယ်ယာလုပ််ငန်းလုပ်ကိုင်သူများအဆင့်သို့တိုးတက်ပြောင်းလဲလာပုံ၊ကမ္ဘာဦးလူသားများအခြားမျိုးနွယ်စုများနှင့်ပြောဆိုဆက်သွယ်မှုအဆင့်ဆင့်ကိုလေ့လာသင်ယူရမည်ဖြစ်သည်။
“ မည်သည့်လှို့ဝှက်ချက်များမှမကျန်အကုန်ရှာဖွေမည်။ “


ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး
55,000mmk - မကြာခင်လာတော့မယ်
အမှု့တစ်ခုဖြစ်ပွါးပါတယ် ။ တရားခံဘယ်သူလဲ!
စုံစမ်းစစ်ဆေးရေးအဖွဲ့မှကြိုဆိုပါတယ်။ အထူးလေ့ကျင့်ထားသောစုံစမ်းထောက်လှမ်းရေးမှုးများနှင့်လက်တွဲ၍မှုခင်းဆေးပညာဆိုင်ရာ၊ သိသိပ္ပံးပံပညာများကိုအသုံးပြု၍ဖော်ထုတ်ရခက်ခဲတောမှု့ခင်းများကိုစုံစမ်းဖော်ထုတ်ရမည်ဖြစ်ပါသည်။
အဆိုပါသင်ခန်းစာတွင် အဆင့်မြင့်စိတ်ပညာနှင့်သက်ဆိုင်သောသင်ခန်းစာများ၊ မှု့ခင်းဆေးပညာဆိုင်ရာသင်ခခန်းများားနှင့် မှုခင်းနည်းပညာဆိုင်ရာစုံစမ်းထောက်လှမ်းမှု့များကိုအသုံးပြု၍ အကြီးမားဆုံးအဖြေဖြစ်သည့် ‘တရားခံဘယ်သူလဲ’ ကိုရှာဖွေရမည်ဖြစ်ပါသည်။
“ အခင်းဖြစ်ပွါးရာနေရာနဲ့သက်သေခံအထောက်အထားကိုသေသေချာချာရှာဖွေမယ်ဆိုရင် လူတိုင်းဟာဟာတံရားခံဖြစ်နိုင်တယ်ဆိုတာနဲ့ သိပ္ပံနည်းပညာဟာ ဘယ်တော့မှမလိမ်ဘူး ဆိုတာကို အမြဲသတိရပါ။”
သူရဲကောင်းများနှင့်ကမ္ဘာ
55,000mmk - မကြာခင်လာတော့မယ်
“ ကမ္ဘာမြေကြီးကိုကယ်တင်ချင်တာလား ။ အခုကအချိန်ကောင်းပါဘဲ “
ကိုယ်ကြိုက်နှစ်သက်တဲ့ superhero ရုပ်ရှင်များမှတဆင့်ကမ္ဘာကြီးရဲ့ ကံကြမ္မာကိုဆုံးဖြတ်ချက်ပေးနိုင်မည့်ခရီးတစ်ခုဖြစ်ပါသည်။
သင်ဟာ အဖျက်စွမ်းအားကြီးမားသောကမ္ဘာကြီး၏ရန်သူဖြစ်မလား။ ကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်မယ့်သူရဲကောင်း ဖြစ်မလားဆိုတာကို စိတ်ဝင်စားပါဝင်လုပ်ဆောင်နိုင်မယ့် သင်ခန်းစာများပဲဖြစ်ပါတယ်။
အဆိုပါသင်ခန်းစာတွင်ဇာတ်ညွန်းရေးနည်းများ၊ ကိုယ်ပိုင်ရုပ်ရှင်ရိုက်ကူးပြင်ဆင်မည့်နည်းလမ်းများသာမက ကိုယ်တိုင်ပါဝဝင်လုပ်ဆောင်နိုင်ခြင်းနှင့်ကိုယ်တိုင်ရိုက်ကူးသူအဖြစ်ပါဝင်နိုင်မည်ဖြစ်ပါသည်။


ပထမဆုံးထိတွေ့ဆက်သွယ်မှု့
55,000mmk - မကြာခင်လာတော့မယ်
“ ဂြိုလ်သားတွေကမ္ဘာမြေပေါ်ရောက်လာကြတယ်။ ငြိမ်းချမ်းမှု့နဲ့လာတာမှဟုတ်ရဲ့လား။ “
ပထမဆုံးဂြိုလ်သားများနဲ့ထိတွေ့ဆက်သွယ်မှု့ပါ။ သင်နဲ့သင့်အဖွဲ့ဝင်တွေပူးပေါင်းပြီး ကျွန်ုပ်တို့ကမ္ဘာမြေပေါ်ကိုအလည်လာတဲ့ဧည့်သည်တွေဟာ မိတ်ဆွေလား၊ ရန်သူလားဆိုတာ စုံစမ်းထောက်လှမ်းရမှာပါ။
အဆိုပါသင်ခန်းစာတွင် အချင်းချင်းလေ့လာဆက်သွယ်မှု့များ ၊ သိပ္ပံနည်းကျစုံစမ်းထောက်လှမ်းမှုများ၊ နက္ခတ်တ္တဗေဒနည်းပညာများကိုအသုံးပြု၍အဖြေရှာဖွေမှု့များအသုံးပြု၍ အဆိုပါဂြိုလ်သားများမည်သည့်နေရာမှ မည်သည့်ရည်ရွယ်ချက်ဖြင့်လာသည်ကိုစုံစမ်းရှာဖွေအဖြေထုတ်သွားမည်ဖြစ်ပါသည်။
“ သင်ဟာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုမမေ့ပါနဲ့ “
မကြာခဏမေးလေ့ရှိသောမေးခွန်းများ
Get in touch for more questions
ကျောင်းပညာရေးအတွက်ဘယ်လိုအကူအညီရနိုင်မလဲ။
သင်ခန်းအများအားလုံးသည်နိုင်ငံတကာသင်ရိုးညွန်းတမ်းများနှင့်၂၁ရာစုအတွက်လိုအပ်သောအရည်အချင်းများရရှိအောင်ပြင်ဆင်ထားသောသင်ခန်းစာများဖြစ်ပါသည်။ ထို့ကြောင့်ကျောင်းသားကျောင်းသူများသည်၎င်းတို့၏သက်ဆိုင်ရာကျောင်း၏သင်ခန်းစာများလေ့လာရာတွင်အထောက်အကူဖြစ်မည်ဖြစ်ပါသည်။ ထို့အပြင်ကျောင်းသားကျောင်းသူများအတွက်အများနှင့်ပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း၊ ပြသနာများကိုဖြေရှင်းလာနိုင်ခြင်း၊ မိမိ၏စိတ်ကူးများကိုအများနှင့်ပူးပေါင်း၍ဆက်သွယ်ပြောဆိုလာနိုင်ခြင်းစသည့်အရည်အချင်းများရရှိအောင်ပြင်ဆင်ထားပါသည်။ ထို့ပြင်သက်တန်းပြီးမြောက်ခြင်းလက်မှတ်ပေါ်တွင်လည်းမည့်သည့်နေရာတွင်မည်မျှအရည်အသွေးရှိသည်ကိုဖော်ပြထားပြီး၊သင်တန်းတက်ရောက်သူတိုင်းသင်တန်းပြီးမြောက်ခြင်းလက်မှတ်ရရှိမည်ဖြစ်ပါသည်။
သင်တန်းမှမည်သို့သောအကျိုးများရရှိနိုင်မလဲ။
ပထမဆုံးအနေဖြင့်ကျောင်းသားကျောင်းသူများသည်ပျော်ရွင်သင်ယူနိုင်မည်ဖြစ်ပါသည်။ သင်ခန်းစာများအားလုံးကိုကျောင်းသားကျောင်းသူများအတွက်သင်ထောက်ကူပစ္စည်းပြည့်စုံစွာဖြင့်ပျော်ရွင်သောအချိန်ပိုင်းဖြစ်အောင်စီစဉ်ရေးဆွဲထားပါသည်။ သင်ခန်းစာများသည်ကျောင်းသားကျောင်းသူများကိုယ်တိုင်ပါဝင်လှုပ်ရှားလုပ်ဆောင်ရမည့်အတွက်သက်တောင့်သက်သာဖြစ်စေသောအဝတ်အစားများဝတ်ရန်လိုအပ်ပါသည်။ သင်ခန်းစာများတွင်အဝတ်အစားများပေကျံနိုင်သောလုပ်ဆောင်မှု့များလည်းပါဝင်နိုင်သောကြောင့်တန်ဖိုးကြီးအဝတ်အစားများဝတ်ဆင်ခြင်းသည်မသင့်သော်ကြောင်းအသိပေးလိုပါသည်။ ဒုတိယအနေဖြင့်ကျောင်းသားကျောင်းသူများအတွက်၎င်းတို့၏မိဘများနှင့်ဆရာများအထင်ကြီးစေနိုင်သောအရည်အချင်းအသစ်များနှင့်အသိပညာအသစ်များရရှိနိုင်ရန်မျော်လင့်ထားပါသည်။ ကျောင်းသားကျောင်းသူများအနေဖြင့်အရင်ရှိပြီးသောအသိပညာများကိုအခြေခံ၍အသိပညာအသစ်များကိုသင်ယူနိုင်ခြင်းနှင့်ကမ္ဘာပေါ်ရှိအရာဝတ္တုများမည်ကဲ့သို့ချိတ်ဆက်နေသည်ကိုအံအားသင့်ဖွယ်ရာတွေမြင်ရမည်ဖြစ်ပါသည်။ သင်တန်းပြီးမြောက်သောအခါဆရာများမှသက်ဆိုင်ရာသင်ခန်းစာများကိုနားလည်သဘောပေါက်စေရန်အထောက်အကူဖြစ်နိုင်မည့်လိုအပ်သောအကြံပြုချက်များကိုအကြုံပြုပြောပြမည်ဖြစ်ပါသည်။
Who are they for?
Journeys မှသင်ခန်းများသည်အသက် ၁၀ နှစ်မှ ၁၆ အတွင်းကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်၍ရေးဆွဲထားပြီးမြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့်သင်ယူနိုင်မည်ဖြစ်ပါသည်။ မည်သည့်ဘာသာဖြင့်သင်ယူသည်ဖြစ်စေအကျိုးကြောင်းဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ခြင်းသင်ခန်းစာအကျိုးသက်ရောက်မှု့သည်အတူတူပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဆရာများသည်ကျောင်းသားကျောင်းသူအားလုံးအကျိုးရှိစေရန်၎င်းတို့၏သင်ယူနိုင်စွမ်းနှင့်သင့်တော်သည့်သင်ကြားရေးနည်းလမ်းများကိုအသုံးပြုသင်ကြားမည်ဖြစ်သည်။
အကယ်၍သီးသန့်သင်ကြားရန်ဆန္ဒရှိပါက ( အနည်းဆုံး၄ယောက် ) ၊ အဆိုပါကျောင်းသားများနှင့်သင့်တော်မည်သင်ရိုးနည်းလမ်းများကိုအသုံးပြုသင်ကြားသွားမည်ဖြစ်ပါသည်။
အထူးသတိပြုရန်များ၂၁ရာစုတွင်လိုအပ်သောအရည်အချင်းများသည်ဘာသာစကားနှင့်တိုက်ရိုက်မသက်ဆိုင်ပါ၍ကျောင်းသားများ၏ဘာသာစကားအရည်အချင်းပေါ်မူတည်၍မြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာကိုရွေးချယ်၍သင်ယူစေလိုပါသည်။ ကျွန်ုပ်တို့၏သင်ခန်းစာများသည်ဘာသာစကားသင်ကြားမှု့ကိုအထူးပြုရေးဆွဲထားခြင်းမဟုတ်ဘဲကျာင်းသားများ၏အရည်အချင်းတိုးတက်ရန်သင်ယူရမည့်လိုအပ်ချက်များအတွက်သာရေးဆွဲထားခြင်းဖြစ်ပါသည်။
သင်တန်းကြေးအတွင်းမည်သို့သောဝန်ဆောင်မှု့များပါဝင်သလဲ။
သင်တန်းကြေးအတွင်းအောက်ပါဝန်ဆောင်မှု့များပါဝင်ပါသည်။
-
အရည်အသွေးပြည့်ဝသောအတွေ့အကြုံရှိဆရာနှင့်သင်ကြားနိုင်ခြင်း
-
မိမိ၏သင်ယူမှု့အရည်အသွေးကိုဖော်ပြထားသောသင်တန်းဆင်းလက်မှတ်
-
သင်တန်းသားများ၏ဓါတ်ပုံများနှင့်ဗီဒီယို
-
သင်တန်းအမှတ်တရလက်ဆောင်ပစ္စည်း
-
နေ့လည်စာနှင့်အဆာပြေမုန့်
Group sizes
အတန်းတစ်တန်းအတွင်းအနည်းဆုံးကျောင်းသား၂ယောက်မှအများဆုံး၁၀ယောက်အထိပါဝင်နိုင်မည်ဖြစ်သည်။
သီးသန့်သင်ကြားချင်ပါကကျောင်းသားအနည်းဆုံး၄ယောက်ရှိရမည်ဖြစ်သည်။
When are they?
ကျွန်ုပ်တို့၏အပတ်စဉ်သင်တန်းများသည်တစ်နေ့လျှင်၂နာရီဖြင့်တစ်ပတ်တရက်ဖြင့်၆ပတ်ကြာမြင့်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အပတ်စဉ်သင်တန်းများသည်ကျောင်းသားကျောင်းသူများ၏ကျောင်းတွင်သင်ယူနေသည့်သင်ခန်းအများကိုအထောက်အပံ့ဖြစ်စေရန်နှင့်သက်ဆိုင်ရာဘာသာရပ်များကိုအသေးစိတ်ပိုမိုနားလည်စေရန်ရည်ရွယ်၍သင်ရိုးညွန်းတမ်းရေးဆွဲထားပါသည်။