Our

Journey

Journey ၏အစခရီးသည်ရန်ကုန်မြို့၏internationalကျောင်းတစ်ခုတွင်ပညာသင်ကြားနေသောYear 6မှGrace၏အတွေးတစ်ခုမှအစပြုခဲ့ပါသည်။

 

Graceသည်(Science,Technology,Engineering,Art,Mathematic) S.T.E.A.M သင်ကြားရေးကိုနှစ်သက်သဘောကျသူတစ်ဦးဖြစ်ပါသည်။သူမသည် Science Club အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးYoutubeတွင်ကိုယ်ပိုင်Channelတစ်ခု၏တင်ဆက်သူလဲဖြစ်ပါသည်။သူမသည်သူမနေထိုင်ရာကမ္ဘာကြီးအကြောင်းကိုလေ့လာစူးစမ်းနေသူတစ်ဦးလည်းဖြစ်ပါသည်။

 

စာသင်ကာလတစ်ပိုင်းအပြီးတွင်တင်ပြရသောprojectတစ်ခုအတွက်Graceသည်သတ်မှတ်ထားသောလုပ်ငန်းတစ်ခုကိုတင်ပြရပါသည်။၎င်းမှာရန်ကုန်မြို့အတွင်းသူမမြင်ချင်သည့်လုပ်ငန်းတစ်ခုအတွက်ပေးထားသောငွေကြေးသတ်မှတ်ချက်နှင့်ကိုက်ညီသောbusiness modelတစ်ခုကိုဒီဇိုင်းရေးဆွဲရခြင်းဖြစ်ပါသည်။

 

Graceသည်ကျောင်းသား/ကျောင်းသူများကနေနှင့်S.T.E.A.Mကိုအခြေခံသည့်သင်ခန်းစာများကိုစိတ်ဝင်တစားပျော်ရွှင်စွာသင်ယူနိုင်မည့်နေ့သင်တန်းများပို့ချသောပညာရေးဝန်ဆောင်မှုတစ်ခုကိုဒီဇိုင်းရေးဆွဲခဲ့ပါသည်။သူမရေးဆွဲသောအဆိုပါဒီဇိုင်းတွင်နည်းပညာဖြင့်လေ့လာသင်ယူမှုများ၊ကျောင်းသားစိတ်ကြိုက်ရွေးချယ်နိုင်မှုအပြင်ကျောင်းသားဗဟိုပြုသင်ကြားသောသင်ကြားရေးပတ်ဝန်းကျင်တစ်ခုကိုပါထည့်သွင်းရေးဆွဲခဲ့ပါသည်။

 

Graceသည်အဆိုပါprojectအတွက်ဆရာဖြစ်သူDanny McCamlieယခုJourneys YGN၏CEOထဲမှအမှတ်အများဆုံးကိုရရှိခဲ့ပါသည်။

 

Grace၏အဆိုပါprojectမှအစပြု၍2020တွင်JourneysYGNကိုစတင်ခဲ့ပါသည်။Graceသာမကသူမလိုစိတ်ကူးရှိသောကျောင်းသားကျောင်းသူများအတွက်အတွေ့အကြုံမှတဆင့်လေ့လာသင်ယူနိုင်သော၊စိန်ခေါ်မှုများမှတဆင့်လေ့လာသင်ယူနိင်သော၊ပျော်ရွှင်စွာလေ့လာသင်ယူနိုင်သောပညာရေးကိုရရှိနိုင်မည့်နေရာတစ်ခုဖြစ်အောင်ရည်ရွယ်ခဲ့ပါသည်။

 

Graceသည်ယခုအခါတွင်Journeys YGN၏ကျောင်းသူသံတမန်အဖြစ်ယခုအဖွဲ့အစည်း၏အရေးပါသောနေရာတစ်နေရာမှပါဝင်ဆောင်ရွက်လျက်ရှိပါသည်။