အပတ်စဉ်သင်တန်းများ(၆ပတ်)

ကျွန်ုပ်တို့၏အပတ်စဉ်သင်တန်းများသည်တစ်နေ့လျှင်၂နာရီဖြင့်တစ်ပတ်တရက်ဖြင့်၆ပတ်ကြာမြင့်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အပတ်စဉ်သင်တန်းများသည်ကျောင်းသားကျောင်းသူများ၏ကျောင်းတွင်သင်ယူနေသည့်သင်ခန်းအများကိုအထောက်အပံ့ဖြစ်စေရန်နှင့်သက်ဆိုင်ရာဘာသာရပ်များကိုအသေးစိတ်ပိုမိုနားလည်စေရန်ရည်ရွယ်၍သင်ရိုးညွန်းတမ်းရေးဆွဲထားပါသည်။

Image by Mae Mu
Doctors with Bacteriological Protection
Image by Elijah O'Donnell

ရောဂါကူးစက်မှု့

Coming Soon

ဆေးဝါးများရာစုနှစ်အတွင်းအဆင့်ဆင့်ပြောင်းလဲတိုးတက်လာပုံကိုလေ့လာနိုင်မည်ဖြစ်သောရောဂါပိုးများဖြစ်ပွါးလာပုံနှင့်ရောဂါဆိုးများကိုမည်ကဲ့သို့တိုက်ထုတ်ရမည်ကိုသင်ယူနိုင်မည်ဖြစ်ပါသည်။

အစားအစာကြောင့်မိမိတို့ကိုယ်န္ဓာအကျိုးသက်ရောက်မှု

ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးမှုသည်ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုမည်သို့အကျိုးသက်ရောက်နိုင်သည်ကိုလေ့လာနိုင်မည့်သင်ခန်းစာဖြစ်ပါသည်။ အထက်ပါအသိပညာများကိုအသုံးပြု၍ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုကိုယ်တိုင်ချက်ပြုတ်နိုင်မည့်အခွင့်အရေးရရှိမည်ဖြစ်ပါသည်။

အနာဂါတ်အတွက်ပြင်ဆင်မှု့မျာ

Coming Soon

ကမ္ဘာပေါ်ရှိမြို့ကြီးများသည်တနေ့တခြားထွားနေပါသည်။ သို့သော်သဘဝပတ်ဝန်းကျင်နှင့်ညီညွတ်အောင်မည်ကဲ့သို့စီမံပါမည်နည်း။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု့အနည်းဆုံးဖြစ်အောင် (သို့) ပိုမိုကျန်းမာသောကမ္ဘာကြီးဖြစ်အောင်ဆောက်လုပ်မည့်နည်းလမ်းများကိုရှာဖွေကြရအောင်။ ယခုသင်ခန်းစာတွင်ဗိသုကာပညာရှင်တယောက်အနေဖြင့်အနာဂါတ်အတွက်ပိုမိုသန့်ရှင်းစိမ်းလန်းသောပတ်ဝန်းကျင်ဖြစ်အောင်မည်ကဲ့သို့နည်းလမ်းများဖြင့်တီထွင်ဆောက်လုပ်မည်ကိုသင်ယူနိုင်မည်ဖြစ်ပါသည်။

သတင်းအမှားများ

Coming Soon

သတင်းများသည်စိတ်ရှုပ်ထွေးမှု့များနှင့်ပြည့်နှက်နေပါသည်။ သို့သော်မည်သည့်သတင်းဌာနသည်ယုံကြည်စိတ်ချရသောသတင်းဌာနဖြစ်ပါသလဲ။ ကုန်သင်ခန်းစာတွင်သတင်းတင်ဆက်သူတယောက်အနေ့ဖြင့်သတင်းများကိုမည်သို့ထုတ်လွှင့်မလဲ။ ကိုယ်ပိုင်သတင်းများမည်သို့ဖန်တီးနိုင်မလဲနှင့်သတင်းတင်ဆက်ရိုက်ကူးနိုင်မည့်နည်းလမ်းများကိုသင်ယူနိုင်မည်ဖြစ်ပါသည်။

architecture-1857175_1920.jpg

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင်၏မေးခွန်းအားအောက်တွင်ဖော်ပြထားသည်မဟုတ်ပါကကျွန်ုပ်တို့အားဆက်သွယ်ပါ

ကျောင်းပညာရေးအတွက်ဘယ်လိုအကူအညီရနိုင်မလဲ။

သင်ခန်းအများအားလုံးသည်နိုင်ငံတကာသင်ရိုးညွန်းတမ်းများနှင့်၂၁ရာစုအတွက်လိုအပ်သောအရည်အချင်းများရရှိအောင်ပြင်ဆင်ထားသောသင်ခန်းစာများဖြစ်ပါသည်။ ထို့ကြောင့်ကျောင်းသားကျောင်းသူများသည်၎င်းတို့၏သက်ဆိုင်ရာကျောင်း၏သင်ခန်းအများလေ့လာရာတွင်အထောက်အကူဖြစ်မည်ဖြစ်ပါသည်။ ထို့အပြင်ကျောင်းသားကျောင်းသူများအတွက်အများနှင့်ပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း၊ ပြသနာများကိုဖြေရှင်းလာနိုင်ခြင်း၊ မိမိ၏စိတ်ကူးများကိုအများနှင့်ပူးပေါင်း၍ဆက်သွယ်ပြောဆိုလာနိုင်ခြင်းစသည့်အရည်အချင်းများရရှိအောင်ပြင်ဆင်ထားပါသည်။ ထို့ပြင်သက်တန်းပြီးမြောက်ခြင်းလက်မှတ်ပေါ်တွင်လည်းမည့်သည့်နေရာတွင်မည်မျှအရည်အသွေးရှိသည်ကိုဖော်ပြထားပြီး၊သင်တန်းတက်ရောက်သူတိုင်းသင်တန်းပြီးမြောက်ခြင်းလက်မှတ်ရရှိမည်ဖြစ်ပါသည်။

သင်တန်းမှမည်သို့သောအကျိုးများရရှိနိုင်မလဲ။

ပထမဆုံးအနေဖြင့်ကျောင်းသားကျောင်းသူများသည်ပျော်ရွင်သင်ယူနိုင်မည်ဖြစ်ပါသည်။ သင်ခန်းအများအားလုံးကိုကျောင်းသားကျောင်းသူများအတွက်သင်ထောက်ကူပစ္စည်းပြည့်စုံစွာဖြင့်ပျော်ရွင်သောအချိန်ပိုင်းဖြစ်အောင်စီစဉ်ရေးဆွဲထားပါသည်။ သင်ခန်းစာများသည်ကျောင်းသားကျောင်းသူများကိုယ်တိုင်ပါဝင်လှုပ်ရှားလုပ်ဆောင်ရမည့်အတွက်သက်တောင့်သက်သာဖြစ်စေသောအဝတ်အစားများဝတ်ရန်လိုအပ်ပါသည်။ သင်ခန်းစာများတွင်အဝတ်အစားများပေကျံနိုင်သောလုပ်ဆောင်မှု့များလည်းပါဝင်နိုင်သောကြောင့်တန်ဖိုးကြီးအဝတ်အစားများဝတ်ဆင်ခြင်းသည်မသင့်သောကြောင်းအသိပေးလိုပါသည်။ ဒုတိယအနေဖြင့်ကျောင်းသားကျောင်းသူများအတွက်၎င်းတို့၏မိဘများနှင့်ဆရာများအထင်ကြီးစေနိုင်သောအရည်အချင်းအသစ်များနှင့်အသိပညာအသစ်များရရှိနိုင်ရန်မျော်လင့်ထားပါသည်။ ကျောင်းသားကျောင်းသူများအနေဖြင့်အရင်ရှိပြီးသောအသိပညာများကိုအခြေခံ၍အသိပညာအသစ်များကိုသင်ယူနိုင်ခြင်းနှင့်ကမ္ဘာပေါ်ရှိအရာဝတ္တုများမည်ကဲ့တို့ချိတ်ဆက်နေသည်ကိုအံအားသင့်ဖွယ်ရာတွေမြင်ရမည်ဖြစ်ပါသည်။ သင်တန်းပြီးမြောက်သောအခါဆရာများမှသက်ဆိုင်ရာသင်ခန်းစာများကိုနားလည်သဘောပေါက်စေရန်အထောက်အကူဖြစ်နိုင်မည့်လိုအပ်သောအကြံပြုချက်များကိုအကြုံပြုပြောပြမည်ဖြစ်ပါသည်။

Who is it for?

Journeys မှသင်ခန်းများသည်အသက် ၁၀ နှစ်မှ ၁၆ အတွင်းကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်၍ရေးဆွဲထားပြီးမြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့်သင်ယူနိုင်မည်ဖြစ်ပါသည်။ မည်သည့်ဘာသာဖြင့်သင်ယူသည်ဖြစ်စေအကျိုးကြောင်းဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ခြင်းသင်ခန်းစာအကျိုးသက်ရောက်မှု့သည်အတူတူပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဆရာများသည်ကျောင်းသားကျောင်းသူအားလုံးအကျိုးရှိစေရန်၎င်းတို့၏သင်ယူနိုင်စွမ်းနှင့်သင့်တော်သည့်သင်ကြားရေးနည်းလမ်းများကိုအသုံးပြုသင်ကြားမည်ဖြစ်သည်။

How much?

အပတ်စဉ်သင်တန်းများအတွက်စုစုပေါင်း 150,000 ကျသင့်မည်ဖြစ်ပါသည်။ ၎င်းမှာအပြီး ၆ ပတ်စာအတွက်ဖြစ်ပါသည်။ တစ်နာရီလျှင် 12,500 ကျပ်သာကျသင့်မည်ဖြစ်ပြီးသင်ထောက်ကူပစ္စည်းများအတွက်အပါအဝင်ထြစ်ပါသည်။

Class sizes

အတန်းတစ်တန်းအတွင်းအနည်းဆုံးကျောင်းသား၂ယောက်မှအများဆုံး၁၀ယောက်အထိပါဝင်နိုင်မည်ဖြစ်သည်။

သီးသန့်သင်ကြားချင်ပါကကျောင်းသားအနည်းဆုံး၄ယောက်ရှိရမည်ဖြစ်သည်။

When?

အပတ်စဉ်သင်တန်းများသည့်ရက်သတ္တပတ်အတွင်းကြိုက်နှစ်သက်ရာနေ့တစ်နေ့ကိုရွေးချယ်၍ ၆ ပတ်သင်ယူရမည်ဖြစ်ပါသည်။ သင်တန်းချိန်မှာ ညနေ 5:30 မှ 7:30 အထိဖြစ်ပြီး 10 မိနစ်အနားပေးမည်ဖြစ်ပါသည်။